တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကုန်ထုတ်စွမ်းအားနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအဖွဲ့(ပထမအကြိမ်) အစည်းအဝေး ကျင်းပ

     တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကုန်ထုတ်စွမ်းအားနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအဖွဲ့(ပထမအကြိမ်) အစည်းအဝေးအား (၁.၈.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)တွင် ကျင်းပပြုလုပ်ခဲ့ရာ စက်မှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော လုပ်ငန်းအဖွဲ့ဝင်များ၊ ဆက်စပ်ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၉)ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ဦးဆောင်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (National Development and Reform Commission – NDRC)မှ ကိုယ်စားလှယ်(၁၃)ဦး တက်ရောက်ခဲ့သည်။
      အဆိုပါအစည်းအဝေးတွင် စီးပွားရေးစင်္ကြံကုန်ထုတ်စွမ်းအားနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရေးလုပ်ငန်းစဉ်များ၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား စက်မှု ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ ကုန်ထုတ်စွမ်းအားစုများ မြှင့်တင်နိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ရန် ကဏ္ဍများ ရွေးချယ်နိုင်ရေး၊ စင်္ကြံတစ်လျှောက် စက်မှုဇုန်များ ထူထောင်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။