စက်မှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ (၁၄)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကျင်းပ

By: 

     စက်မှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ (၁၄)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့ နံနက် (၁၀:ဝ၀)နာရီအချိန်တွင် နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)ရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။

      အခမ်းအနားသို့ သီရိဂန္ဓမာသပြေအေး မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်း၊ မြို့လယ်ကျောင်း၊ အုန်းတောတောင်ကျောင်း၊ သီရိမင်္ဂလာဘုံမြင့်စံကျောင်း၊ တပ်ဦးကျောင်း၊ အေးမြရွှေပြည်ကျောင်း၊ စိန္တာမုနိကျောင်း၊ ကျောင်းသစ်ကျောင်း နှင့် စမ်းမြိုင်တောရကျောင်းတို့မှ ဆရာတော်၊ သံဃာတော် (၁၅)ပါး ကြွရောက် ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့်ဇနီး ဒေါ်သစ်သစ်အောင်၊ ဌာနအကြီးအကဲများနှင့်ဇနီးများ၊ ဝန်ထမ်းများတက်ရောက်ကြည်ညိုကြသည်။

     အစီအစဉ်အရ (၁၄)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားစတင်ကျင်းပရာ သီရိဂန္ဓမာသပြေအေး မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ပဓာန နာယကဆရာတော်ဘဒ္ဒန္တဂန္ဓမာလာထံမှ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး အမှူးပြုသော ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များက မေတ္တာသုတ်နှင့် ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသည်။

  

     ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့်ဇနီး၊ ဌာနအကြီးအကဲ များနှင့် ဇနီးများက ဆရာတော်ကြီးများထံ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော သစ္စာလေးခိုင်အမှတ်တံဆိပ် ချည်သားစစ်စစ်ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြ သည်။

     ၎င်းနောက် သီရိဂန္ဓမာသပြေအေးမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဂန္ဓမာလာထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီးနောက် ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြသည်။

     အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး တို့မှ ရွှေမိုး၊ ငွေမိုး များ ရွာသွန်းဖြိုးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဇနီး တို့က ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

  

Latest News