THE REPUBLIC OF THE UNION OF MYANMAR

MYANMAR INDUSTRY PORTAL

Resources are Limited. Creativity is Unlimited.

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန


Wed 30-10-2019

-

သမိုင်းအကျဉ်း
၁။    စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသည် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်ပါသည်။ အသေးစားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် နည်းပညာစျေးကွက်နှင့်ငွေကြေး အထောက်အပံ့ရရှိရေး လုပ်ငန်းများ ဆောင် ရွက်ခြင်း၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများအား တည်ဆဲ ဥပဒေများနှင့်အညီ မှတ်ပုံတင်ခြင်း၊ ကြီးကြပ်စစ်ဆေးခြင်း၊ ဘွိုင်လာနှင့် လျှပ်စစ်သုံးလုပ်ငန်းများ ဘေးကင်းစွာ ဆောင်ရွက် နိုင် ရေး၊ စက်မှုလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု ရှိ/မရှိ စစ်ဆေးခြင်း စသည့် လုပ်ငန်း များအား ဆောင်ရွက်လျက်ရှိပါသည်။
၂။    ဤဦးစီးဌာနသည် ဒေသန္တရ စက်မှုကြီးကြပ်ရေးနှင့်လုပ်ငန်းစစ်ဆေးမှုညွှန်ကြားရေး ဦးစီးဌာနအမည်ဖြင့် ရပ်တည် ခဲ့ပြီး ၁၉၉၉ခုနှစ် မတ်လ(၂၃)ရက်နေ့မှစ၍ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
၃။    နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးလူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည့် SME လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်း နှင့်စွမ်းရည်ကို မြှင့်တင်နိုင်ရန်အတွက် ၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟို ဌာနကို တည်ထောင်ခဲ့ပါသည်။
၄။    ၂၀၁၄ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ပေါင်းစည်းခဲ့ပါသည်။

လုပ်ငန်းတာ၀န်    
၅။    စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ လုပ်ငန်းတာ၀န်များမှာ-
    (က)    ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေနှင့်အညီ စက်မှုလုပ်ငန်းများအား ကြီးကြပ် စစ်ဆေးပြီး ၎င်းတို့၏ လိုအပ်ချက်များအား ဆောင်ရွက်ပေးခြင်း၊ ဖွံ့ဖြိုး တိုးတက်စေရန်အားပေး မြှင့်တင်ပေးခြင်း၊
    ( ခ)    ဘွိုင်လာဥပဒေနှင့်အညီ နိုင်ငံပိုင်၊ သမဝါယမပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍများရှိ ဘွိုင်လာများအား မှတ်ပုံတင် ပေးခြင်းနှင့် စစ်ဆေးကြီးကြပ်ပေးခြင်း၊
    ( ဂ)    လျှပ်စစ်ဥပဒေနှင့်အညီနိုင်ငံပိုင်၊ သမဝါယမပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍများတွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် အသုံးပြုခြင်း လုပ်ငန်းတို့တွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးကြီးကြပ်ပေးခြင်း၊
    (ဃ)    SMEများ၏ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစေရန် ASEAN SME Working Group အပါအ၀င် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ SMEs များလိုအပ်သော လူစွမ်းအားအရင်းအမြစ်များကို မြှင့်တင်ခြင်း၊ အသိပညာပေးခြင်းချိတ်ဆက်ခြင်း၊ International Supply Chain ထဲဝင်ရောက်နိုင်အောင်ပံ့ပိုးခြင်း၊ ငွေကြေးထောက်ပံ့ခြင်းနှင့် နည်းပညာများ တိုးတက်စေရန်ပံ့ပိုးခြင်း၊

စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ဖွဲ့စည်းပုံ
၆။    ဦးစီးဌာန(ရုံးချုပ်)သည် နေပြည်တော်၌တည်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်/  ပြည် ထောင်စုနယ်မြေ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး(၁၅)ရုံးနှင့် ခရိုင်ရုံး(၄၀)ရုံး ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးများ

စဉ် တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ ရုံးစိုက်ရာမြို့ ခရိုင်ရုံးများ
(က) ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်
( ခ) ကယားပြည်နယ် လွိုင်ကော်မြို့ လွိုင်ကော်ခရိုင်
( ဂ) ကရင်ပြည်နယ် ဘားအံမြို့ ဘားအံခရိုင်၊ မြဝတီခရိုင်
(ဃ) ချင်းပြည်နယ် ဟားခါးမြို့  ဟားခါးခရိုင်
( င) စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့  မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်
( စ) တနင်္သာရီတိုင်းဒေသကြီး ထား၀ယ်မြို့ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်
(ဆ) ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့  ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်
( ဇ) မကွေးတိုင်းဒေသကြီး မကွေးမြို့ မကွေးခရိုင်၊ ပခုက္ကူခရိုင်၊ သရက်ခရိုင်
(စျ) မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မန္တလေးခရိုင်၊ မြင်းခြံခရိုင်၊ ရမည်းသင်းခရိုင်၊ မိတ္ထီလာခရိုင်၊ ညောင်ဦးခရိုင်
(ည) မွန်ပြည်နယ် မော်လမြိုင်မြို့  မော်လမြိုင်ခရိုင်
( ဋ) ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်
( ဌ) ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့  အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်
( ဍ) ရှမ်းပြည်နယ် တောင်ကြီးမြို့ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လားရှိုးခရိုင်၊ ကျိုင်းတုံခရိုင်
( ဎ) ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ ဖျာပုံခရိုင်
(ဏ) ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင်၊ ဒက္ခိဏခရိုင်

 



Top