THE REPUBLIC OF THE UNION OF MYANMAR

MYANMAR INDUSTRY PORTAL

Resources are Limited. Creativity is Unlimited.

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန


Thu 31-10-2019

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

    စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအနေဖြင့် စက်မှုဝန်ကြီးဌာန၏ ရည်မှန်းချက်များ၊ မူဝါဒများကို ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြည်တွင်းပြည်ပနိုင်ငံတကာအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ အကူအညီ အထောက် အပံ့ ရရှိနိုင်ရေးဆောင်ရွက်ခြင်း၊ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့် ခြိုးခြံချွေတာရေး ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် စက်မှုလုပ်ငန်းမူဝါဒများ၊ ဥပဒေများ ချမှတ်နိုင်ရေးဆောင်ရွက်ခြင်း၊ စက်မှုဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးနှင့် သုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။

 
လုပ်ငန်းတာဝန်များ
     အဓိကလုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
    (က)    စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ၏ အထောက်အပံ့များ (Grant/Aid) ရရှိရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ရရှိရေး တို့အတွက် ဆက်စပ်အဖွဲ့အစည်းများ၊ အာဆီယံနိုင်ငံများ၊ သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
    ( ခ)    သတ်မှတ်တာ၀န်ပေးထားသည့် စံချိန်စံညွှန်းများရေးဆွဲခြင်း၊
    ( ဂ)    စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လမ်းညွှန် ချက်များနှင့် စက်ပစ္စည်းကိရိယာများနှင့် လျှပ်စစ်ပစ္စည်းများ၏ စွမ်းအင်သုံးစွဲမှု စွမ်းဆောင်ရည် စံသတ်မှတ်ချက်များအား ရေးဆွဲသတ်မှတ်ခြင်း၊
    (ဃ)    စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ နှစ်အလိုက် လုပ်ငန်းစီမံချက်နှင့်     အစီအစဉ်များကို ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
    ( င)    ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး အမိန့် ကြော်ငြာစာများ ထုတ်ပြန်နိုင်ရန်ဆောင်ရွက်ခြင်း၊ အမျိုးသားအဆင့်ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများစာရင်းပြုစုခြင်းနှင့် အမျိုးအစားခွဲခြားခြင်း၊ ပို့ကုန်/သွင်းကုန် ပြုလုပ်မည့် ဓာတုပစ္စည်းများကို စိစစ်ထောက်ခံချက်ထုတ်ပေးခြင်း၊ မှတ်ပုံတင်ခြင်း၊ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း၊
    ( စ)    စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံ ၊ မြေ ၊ အဆောက်အဦ ၊ စက်ပစ္စည်းများအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ BOT စနစ်ဖြင့် ငှားရမ်းဆောင်ရွက်ခြင်း ၊ ဖက်စပ်ဆောင်ရွက်ခြင်းစသည့် သဘောတူစာချုပ်များနှင့်စပ်လျဉ်း၍ စိစစ်သဘောထားမှတ်ချက်များပေးပို့ခြင်း၊    
    (ဆ)    လုပ်ငန်းများ၏ကုန်ထုတ်လုပ်မှု၊ ရောင်းချမှုနှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေ များကို စုစည်း၍ အစီရင်ခံစာတင်ပြခြင်း၊
    ( ဇ)    စက်မှုဆိုင်ရာကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များကို နိုင်ငံတကာစံနှုန်းများ နှင့်အညီ လေ့ကျင့်မွေးထုတ်ပေးခြင်း၊ ပြည်တွင်းပြည်ပအလှူရှင် အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊    
    (စျ)    ဝန်ကြီးဌာနအောက်ရှိ စက်ရုံများအတွက် စက်ပစ္စည်းအစိတ်အပိုင်းများ Locali- zation ပြုလုပ်နိုင်ရေးအတွက် သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စက်မှုသင်တန်းကျောင်းများတွင် သင်ကြားမှုနည်းပညာများ အဆင့်မြှင့်တင်ပေးခြင်း၊

စက်မှုသင်တန်းကျောင်းများ

      စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအနေဖြင့် အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာများအား အောက်ပါအတိုင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်-
(က)  အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)တွင် (၂)နှစ်သင်တန်းနှင့် အခြားစက်မှုသင်တန်းကျောင်း(၅)ကျောင်းတွင် (၁)နှစ်သင်တန်းများ သင်ကြားပေးခြင်း။
(ခ)  စက်မှုသင်တန်းကျောင်းများတွင် ကာလတို(၃)လသင်တန်း သင်ကြားပေးခြင်း။
(ဂ)  စက်မှုသင်တန်းကျောင်းများမှ စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်းများအား ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ လိုက်လံဖွင့်လှစ်သင်ကြားပေးခြင်း။
(ဃ)  မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) ဆိုင်ရာကိစ္စများ ပူးပေါင်းဆောင်ရွက်ခြင်း။
(င)  စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် Myanmar Human Energy Co.Ltd တို့ ပူးပေါင်း၍ အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)တွင် ဂျပန်ဘာသာစကားတစ်နှစ်သင်တန်းများဖွင့်လှစ်ပေးနေခြင်း။

    စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာနသည် နိုင်ငံတော်၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း၍  အောက်ပါ စက်မှုသင်တန်းကျောင်းများကို ဖွင့်လှစ်ကာ စက်မှုကျွမ်းကျင်သင်တန်းများ ပို့ချပေးလျက်ရှိပြီး တစ်နှစ်လျှင် သင်တန်းသား စုစုပေါင်း (၁၀၀၀) ခန့်ကို လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည် -

စဉ် သင်တန်းကျောင်းအမည် စတင်ဖွင့်လှစ်သည့်ခုနှစ် ပူးပေါင်းဆောင်ရွက်သည့်နိုင်ငံ
(က) အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ) ၁၉၇၉ ဂျာမနီ
( ခ) အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး) ၂၀၀၈ တရုတ်
( ဂ) အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ) ၂၀၀၉ ကိုရီးယား
(ဃ) အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ) ၂၀၁၀ အိန္ဒိယ
( င) အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး) ၂၀၁၁ ကိုရီးယား
( စ) အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ) ၂၀၁၄ အိန္ဒိယ

 



Top