THE REPUBLIC OF THE UNION OF MYANMAR

MYANMAR INDUSTRY PORTAL

Resources are Limited. Creativity is Unlimited.
  • Home Announcements News စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ စက်မှုသင်တန်းကျောင်းများနှင့် နည်းပညာသုတေသ...

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ စက်မှုသင်တန်းကျောင်းများနှင့် နည်းပညာသုတေသနဌာန( သာဂရ )တို့တွင်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Mon 18-11-2019 Directorate of Industrial Collaboration

စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
တည်ဆောက်ရေးလုပ်ငန်းများအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။     စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အောက်ရှိ စက်မှုသင်တန်းကျောင်းများနှင့် နည်းပညာသုတေသနဌာန( သာဂရ ) တို့တွင် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်( ဆောက်လုပ်ရေး ) ခွင့်ပြုရန်ပုံငွေပါ အောက်ဖော်ပြပါ တည်ဆောက်ရေး  လုပ်ငန်း ဆောင်ရွက်ရန် ရှိပါသဖြင့် တိုင်းရင်းသား လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ် အပ်ပါသည်-

စဉ် လုပ်ငန်းတည်နေရာ စဉ် လုပ်ငန်းအမည်
Lot-1     
        
နည်းပညာသုတေသနဌာန (သာဂရ)                                                                      (က) (၆)ခန်းတွဲဝန်ထမ်းအိမ်ယာမွမ်းမံခြင်း(၂)လုံး
(ခ ) ဆဌဂံရုံးတွင်သန့်စင်ခန်းနှင့် ရေလိုင်း/ မီးလိုင်း ပြုပြင်ခြင်း
အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ) (ဂ) (၆)ခန်းတွဲဝန်ထမ်းအိမ်ယာမွမ်းမံခြင်း(၃)လုံး
(ဃ) အရာထမ်းအိမ်ယာ(၂)ခန်းတွဲ မွမ်းမံခြင်း(၁)လုံး
(င) Main Building နှင့် သင်တန်းဆောင်များရှိ အဆောင်များ မွမ်းမံခြင်း
(စ) Chain Link ခြံစည်းရိုး( ၇၀၀' )
(ဆ) သင်တန်းသားကျောင်းဝန်းနှင့် သင်တန်းခန်းများ အတွင်းရှိ မီးလိုင်းပြုပြင်ခြင်း
(ဇ) သင်တန်းသားကျောင်းဝန်းနှင့် သင်တန်းခန်းများ အတွင်းရှိ ရေလိုင်းပြုပြင်ခြင်း
Lot-2 အမှတ်(၆)စက်မှုသင်တန်းကျောင်း (မြင်းခြံ) (က) စားချက်ဆောင်(၂)လုံး ဆောက်လုပ်ခြင်း )(၂၀' x၂၀' x၁၅') Brick Nogging
(ခ) မြေထိန်းနံရံပြုလုပ်ခြင်း ( အရှည် -၁၅၀ ပေ)

    (က)    တင်ဒါပုံစံစတင်ရောင်းချမည့်ရက်     -    ၁၇   .  ၁၁   .၂၀၁၉
    (ခ )    တင်ဒါပိတ်မည့်ရက်နှင့်အချိန်          -     ၁၃ .  ၁၂   .၂၀၁၉ (၁၆:၀၀) နာရီ
    (ဂ)    တင်ဒါပေးသွင်းရမည့်နေရာ    -    ညွှန်ကြားရေးမှူးချုပ်ရုံးခန်း
                                                           စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
                                                           စက်မှုဝန်ကြီးဌာန
                                                           ရုံးအမှတ် (၃၀)၊ နေပြည်တော်
၂။    စည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိလိုပါက စုံစမ်းနိုင်ပါသည်။
    သင်တန်းကျောင်းများကြီးကြပ်ရေးဌာန
    စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
    ရုံးအမှတ်(၃၀)၊ နေပြည်တော်
    ဖုန်း- ၀၆၇ ၄၀၅၀၅၁


Top