THE REPUBLIC OF THE UNION OF MYANMAR

MYANMAR INDUSTRY PORTAL

Resources are Limited. Creativity is Unlimited.
  • Home Announcements News ASEAN Energy Award 2019 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း စတင်ဖိတ်ခေါ...

ASEAN Energy Award 2019 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း စတင်ဖိတ်ခေါ်ခြင်း


Fri 01-02-2019 Directorate of Industrial Collaboration

၁။           အာဆီယံနိုင်ငံများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးအတွက် အားပေးနိုင်ရန် ရည်ရွယ်၍ ၂၀၀၀ ပြည့်နှစ်မှစတင်ကာ ASEAN Centre for Energy (ACE)မှ ဦးစီး၍ ASEAN Energy Award ဖိတ်ခေါ်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံမှ ၂၀၀၂ ခုနှစ်တွင် စတင်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်များ ရရှိခဲ့ပါသည်။ သို့ဖြစ်၍ ယခုကျင်းပမည့် ASEAN Energy Award 2019 ပြိုင်ပွဲသို့ Energy Efficiency နှင့်သက်ဆိုင်သည့် အောက်ဖော်ပြပါ အမျိုးအစား(၂)ခုတွင် မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်-
             (က) ASEAN Best Practices for Energy Efficient Buildings (EEB) Awards
             ( ခ) ASEAN Best Practices for Energy Management (EM) in Buildings and Industries Awards
၂။          ပြိုင်ပွဲဝင်လျှောက်လွှာများအား စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ စွမ်းအင်ခြိုးခြံချွေတာရေးဌာနသို့ ၂၀.၃.၂၀၁၉ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပါသည်။
၃။         အဆိုပါ ပြိုင်ပွဲနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းလိုပါက စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စွမ်းအင်ခြိုးခြံချွေတာရေးဌာန ဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၁၅၇၊ ဖက်စ်ဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၀၅၂ နှင့် အီးမေးလ်လိပ်စာ ၊ eecd.moi@gmail.com နှင့် ဦးအောင်သက်ပိုင်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ ဖုန်းအမှတ်၊၀၉-၄၄၄၈၉၉၆၉၉ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ASEAN Energy Award 2019 ပြိုင်ပွဲဆိုင်ရာ အချက်အလက်များကို ကြည့်ရှုလိုပါက အောက်ဖော်ပြပါ Link များတွင် Download ရယူနိုင်ပါသည်။


Top